Eleven Media Group

စင်ကာပူက နိုင်ငံခြားသား အလုပ်သမားများကို ကန့်သတ်တင်းကျပ်မည် PDF  | Print |  E-mail

စင်ကာပူ စီးပွားရေး အလျင်အမြန် ပြန်လည်ဦးမော့လာသောကြောင့် အိမ်ခြံမြေဈေးကွက် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ယခုအခါ ဈေးကွက်ကို ထိန်းချုပ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် အလုပ်လုပ်ကိုင်သော လူဦးရေ၏ သုံးပုံနှစ်ပုံနီးပါးထိ ရှိလာသော နိုင်ငံခြားသား အလုပ်သမားများကိုလည်း ကန့်သတ်သွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် လီရှန်လွန်းက သြဂုတ်လ ၃၀ ရက်နေ့တွင် ကြေညာခဲ့သည်။

 
ကာလတန်ဖိုး သတ်မှတ်ချက် ကွာခြားမှုကြောင့် ကားဈေး အပြောင်းအလဲဖြစ် PDF  | Print |  E-mail

Without Carကာလပေါက်ဈေးထက် အများကြီး နိမ့်ပြီး ပေးတာတွေ များလာလို့ သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိပြီး ပြန်သွင်းဆိုတာမျိုး ဖြစ်လာရင် တစ်ဆင့်ခံ ၀ယ်ထားသူတွေ ဒုက္ခဖြစ်နိုင်လို့ပါ  . . . 

 
ပြည်တွင်း အလုပ်အကိုင် ရရှိရေး အတွက် အေဂျင်စီအချို့ အလုပ်ရှာဖွေပေးရာတွင် လစာငွေ ကျပ်တစ်သိန်းအောက် ရရှိနိုင်သည့် အလုပ်ကိုသာ ဦးစားပေး ၀န်ဆောင်မှု ပေးနေ PDF  | Print |  E-mail

Labor Boardပြည်တွင်း အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ၏ ၀န်ဆောင်မှုဖြင့် အလုပ်အကိုင် ရရှိရေးအတွက် အလုပ်လာရောက် လျှောက်ထားသူများအား အေဂျင်စီအချို့မှ ၀န်ဆောင်မှု ပေးရာတွင် လစာငွေပမာဏ များစွာရရှိမည့် အလုပ်အကိုင်များထက် လစာငွေ ကျပ်တစ်သိန်း အောက်သာ ရရှိနိုင်သည့် အလုပ်အကိုင်များကိုသာ အဓိက ဦးစားပေး ၀န်ဆောင်မှု ပေးလျက်ရှိကြောင်း ပြည်တွင်းအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအချို့နှင့် အဆိုပါ အေဂျင်စီများတွင် သွားရောက် အလုပ်လျှောက်ထားသူ အချို့ထံမှ စုံစမ်းသိရှိရပါသည်။

 
ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၊ ဆိုက်ဘာကဖေးနှင့် အများပြည်သူ အပန်းဖြေရာနေရာ အချို့တွင် လုံခြုံရေးကင်မရာကို အလွဲသုံးကာ ပုဂ္ဂိုလ်ရေးနှောင့်ယှက်မှုများရှိလာ PDF  | Print |  E-mail

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၊ အင်တာနက်ဆိုင်နှင့် အများပြည်သူ စိတ်လက်အပန်းဖြေရာ နေရာအချို့တွင် လုံခြုံရေးအရ တပ်ဆင်အသုံးပြုထားသော စီစီတီဗီ ကင်မရာများကို အလွဲသုံးကာ ပုဂ္ဂိုလ်ရေးထိပါးမှုများ ပြုလုပ်လာကြကြောင်း ရန်ကုန်မြို့ခံ လူငယ်ထုနှင့် ကိုယ်တွေ့ကြုံတွေ့ ခဲ့သူများ၏ ပြန်လည် ပြောကြားချက်များအရ သိရှိရပါသည်။

 

 
အဆင့်မီဟိုတယ်သစ်များ ပေါ်ပေါက်မှု နည်းပါးမှုနှင့်အတူ ခရီးသွားရာသီတွင် ဟိုတယ်အခန်း လိုအပ်မှုနှင့်ကြုံတွေ့ရနိုင် PDF  | Print |  E-mail

မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်း တစ်ခုတည်း၌သာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အနေအထားမရှိသေး၍ မြန်မာတိုင်းရင်းသားပိုင် အဆင့်မီဟိုတယ်သစ်များ ပေါ်ပေါက်လာမှု နည်းပါးကြောင်းနှင့် ယခုနှစ် နိုဝင်ဘာလ နောက်ပိုင်းခရီးသွားများ ပိုမိုလာရောက်ပါက အဓိကခရီးစဉ် ဒေသကြီးများတွင် အဆင့်မီဟိုတယ်များ ပိုမိုလိုအပ်လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 

 
<< Start < Prev 1 2 Next > End >>

Page 1 of 2