အာရှသတင်းများ
- ပင်လယ်ဝါတွင် တရုတ်စစ်ရေးလေ့ကျင့်မှု စတင်
- ဓားစာခံခရီးသည်များ သေဆုံးခဲ့ပြီးနောက် တင်းမာမှု မြင့်တက်လာ၍ ဟောင်ကောင်ရှိ ဖိလစ်ပိုင်များ လုံခြုံရေးအတွက် စိုးရိမ်နေရ
- ဂျပန်ဒီမိုကရက်တစ် ပါတီခေါင်းဆောင်မှု ယှဉ်ပြိုင်ပွဲ စတင်
- ကင်ဂျုံအီလ် မြောက်ကိုရီးယား ပြန်ရောက်အပြီးတွင်မှ တရုတ်ခရီးစဉ်သတင်းကို တရားဝင် ထုတ်ပြန်
- ထိုင်းနိုင်ငံပိုင် ရုပ်သံဌာနရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
- မြောက်ကိုရီးယား အာဏာရပါတီက စက်တင်ဘာလတွင် နှစ်ပေါင်း ၃၀ အတွင်း အကြီးဆုံး ညီလာခံ ပြုလုပ်မည်ဖြစ်ပြီး ခေါင်းဆောင်သစ် ရွေးချယ်မည်
- အကျဉ်းသားအများစုကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ဗီယက်နမ် သမ္မတ ပြောကြား
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများ
တစ်လအတွင်း ဖော်ပြခဲ့သောသတင်းများလစဉ်ဖော်ပြခဲ့ပြီးသောသတင်းများ
| သန့်ရှင်းသော အစိုးရခေတ်သစ်ကို ထူထောင်မည်ဟု ဖိလစ်ပိုင်သမ္မတ နွိုင်နွိုင်အကွီနို ကတိပြု |
|
|
|
မေလတွင်ပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲ၌ ခြစားမှု တိုက်ဖျက်သွားမည်ဟူသော ကြွေးကြော်မှုဖြင့် အပြတ်အသတ် အနိုင်ရခဲ့သော သမ္မတ နွိုင်နွိုင်အကွီနိုသည် နိုင်ငံသို့ ပထမဆုံးပြောကြားသည့် မိန့်ခွန်းတွင် သန့်ရှင်းသော အစိုးရခေတ်သစ်ကို ထူထောင်မည်ဟု ပြောကြားခဲ့သည်။
အာရိုယို အစိုးရလက်ထက် အုပ်ချုပ်ရေးလွဲမှားမှုကြောင့် အစိုးရအသုံးစရိတ် အကျပ်အတည်းဖြစ်ပေါ်ခဲ့ပြီး သုံးစွဲရန် ငွေကြေးလုံလောက်စွာ မရှိတော့ကြောင်း နွိုင်နွိုင်အကွီနိုက မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်၍ အားပေးကူညီခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးမည်ဟု ၎င်းက ပြောကြားခဲ့သည်။ အများပိုင်နှင့် ပုဂ္ဂလိကပူးပေါင်း လုပ်ဆောင်ခြင်းဖြင့် စီးပွားရေးတိုးတက်ကာ ပြည်သူများ အကျိုးခံစားရမည်ဖြစ်ကြောင်း၊ ပြည်သူများ အကျိုးရှိစေမည့် ကဏ္ဍ အများအပြားရှိသည်ဟုလည်း သမ္မတ က ပြောကြားခဲ့သည်။
Ref:AFP |





Comments